၂၀၁၉ ခုနှစ် မဟာဘုံကထိန်အလှူတော်အမှတ်တရများ

၂၀၁၉ခုနှစ် တန်ဆောင်တိုင် မဟာဘုံကထိန်အလှူပွဲအားတတ်အား သရွှေ့ပါဝင်လှူဒါန်းခဲ့ပါသည်။

နေပြည်တော်အမြန်လမ်း ၁၅ မိုင်ဘုရားဖူး အမှတ်တရများ

နေပြည်တော်အမြန်လမ်း ၁၅ မိုင် ဘုရားသို့ သွားရောက်ဖူးမျှော်မှု အမှတ်တရများအားဝေမျှ ပါသည်။ မရောက်ဖူးသေးသူများသွားရောက်ဖူးမျှော်ရန်တိုက်တွန်းချင်ပါသည်-

ဇလွန်ပြည်တော် ပြန်ဘုရားရောက်အမှတ်တရ

ဧရာ၀တီတိုင်းဒေသကြီး၊ဟသ်ာတမြို့နယ်၊ဇလွန်ပြည်တော်ပြန်ဘုရား ၂၀၁၇ခုနှစ်အတွင်းသွားရောက်ဖူး မျှော်ခဲ့ပါသည်။

ကျိုက်ထီးရိုးဘုရားဖူးအမှတ်တရများ

လွန်ခဲ့သော ၂၀၁၇ ခုနှစ်က မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် ကျိုက်ထီးရိုးဘုရားသို့ ဘုရားဖူးသွား ရောက်ခဲ့ရာ စိတ်ချမ်းသာပျော်ရွှင်ခဲ့ရမှုများအား အမှတ်တရအဖြစ် မှတ်တမ်းဓာတ်ပုံများရိုက် ကူးထားရှိခဲ့ပါသည်။

ဗိုလ်တထောင်ဘုရား ကမ်းနားလမ်း လမ်းဘေး စျေးသည်များဖြင့် နေ့စဉ်စည်ကားလျက်ရှိ

ဗိုလ်တထောင်မြို့နယ် ဗိုလ်တထောင်ဘုရားကမ်းနားလမ်းရှိ လမ်းဘေးစျေးသည်များ စျေးရောင်းချ နေမှုများအား ၂၀၁၉ခုနှစ် နိုဝင်ဘာလ ၅ ရက်နေ့ ညနေပိုင်းတွင် Online Media သင်တန်းသားများ ဓာတ်ပုံရိုက်ူးနည်း သင်ခန်းစာများ လက်တွေ့ကွင်းဆင်းရိုက်ကူးခဲ့ကြရာ သစ်သီးဆိုင်များ၊ ရေခဲမုန့် ဆိုင်များ၊ ကွမ်းယာဆိုင်များ၊ ရခိုင်အစားစာဆိုင်များ၊ ဝက်သားတုတ်ထိုးဆိုင်များဖြင့် စည်ကား လျက်ရှိသည်ကိုတွေ့ရှိရပါသည်။ သရက်သီး၊ဖရဲသီးရောင်းချနေမှုအား စပ်စုခဲ့ရာ နေ့ခင်းပိုင်းများတွင် ရောင်းမကောင်းဘဲ ညနေပိုင်း များ အခါကြီးရက်ကြီးများတွင် ပိုမိုရောင်းကောင်းကြောင်း ပြောဆိုပြီး ဓာတ်ပုံရိုက်ကူးရန်ခွင့် တောင်းရာ ချက်ချင်းလက်မခံချင်ဘဲ တစ်ချို့က Facebook တင်တာမျိုးလုပ်တာတွေရှိကြောင်း ပြောရာ မဟုတ်ပါကြောင်း လက်တွေ့သင်ခန်းစာ မှတ်တမ်းအဖြစ်သာ ထားရှိမည်ဖြစ်ကြောင်းရှင်း ပြခဲ့ရပါသည်။

Design a site like this with WordPress.com
Get started