
ဗိုလ်တထောင်မြို့နယ် ဗိုလ်တထောင်ဘုရားကမ်းနားလမ်းရှိ လမ်းဘေးစျေးသည်များ စျေးရောင်းချ နေမှုများအား ၂၀၁၉ခုနှစ် နိုဝင်ဘာလ ၅ ရက်နေ့ ညနေပိုင်းတွင် Online Media သင်တန်းသားများ ဓာတ်ပုံရိုက်ူးနည်း သင်ခန်းစာများ လက်တွေ့ကွင်းဆင်းရိုက်ကူးခဲ့ကြရာ သစ်သီးဆိုင်များ၊ ရေခဲမုန့် ဆိုင်များ၊ ကွမ်းယာဆိုင်များ၊ ရခိုင်အစားစာဆိုင်များ၊ ဝက်သားတုတ်ထိုးဆိုင်များဖြင့် စည်ကား လျက်ရှိသည်ကိုတွေ့ရှိရပါသည်။

သရက်သီး၊ဖရဲသီးရောင်းချနေမှုအား စပ်စုခဲ့ရာ နေ့ခင်းပိုင်းများတွင် ရောင်းမကောင်းဘဲ ညနေပိုင်း များ အခါကြီးရက်ကြီးများတွင် ပိုမိုရောင်းကောင်းကြောင်း ပြောဆိုပြီး ဓာတ်ပုံရိုက်ကူးရန်ခွင့် တောင်းရာ ချက်ချင်းလက်မခံချင်ဘဲ တစ်ချို့က Facebook တင်တာမျိုးလုပ်တာတွေရှိကြောင်း ပြောရာ မဟုတ်ပါကြောင်း လက်တွေ့သင်ခန်းစာ မှတ်တမ်းအဖြစ်သာ ထားရှိမည်ဖြစ်ကြောင်းရှင်း ပြခဲ့ရပါသည်။






